မန္တလေး အောက်တိုဘာ ၁၁
မန္တလေးတောင်ခြေတွင်ကျင်းပလျက်ရှိသော ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ စန္ဒာမုနိ ဘုရားပွဲတော်တွင် ဈေးရောင်းသည့် ဈေးဆိုင်ခန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် မီးစစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်ရွက်ကြရာတွင် အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဇော်မျိုးထက်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်ဖြစ်မြောက်ရေးတာဝန်ရှိသူများ၊ ပွဲတော်လုံခြုံရေးအဖွဲ့များနှင့်အတူ မီးအသုံးပြုသည့် ဈေးဆိုင်ခန်းများအနေဖြင့် မီးအသုံးပြုမှုစနစ်တကျရှိစေရေးစစ်ဆေးကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဝေငှပေးကြကြောင်း သိရသည်။
(အောင်စံ၊ ပြန်/ဆက်)