ကလေး အောက်တိုဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း (၁၁)ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းများဆောင်ရွက်ရာ ကျောက်တိုက်ကျေးရွာနှင့် မင်းလှကျေးရွာများတွင် သန်းခေါင်စာရင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူနေမှုများကို ကလေးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကလေးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများက ကွင်းဆင်း၍ အနီးကပ် ကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)