ညောင်ဦး ခရိုင်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်း၊ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 

ညောင်ဦး အောက်တိုဘာ ၁၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးစောထွန်းဝင်းက အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်၊ လူမှုရေးဦးတည်ချက်များကို ဝန်ကြီးဌာန၏ မျှော်မှန်းချက်များနှင့်အညီ ကဏ္ဍအလိုက်စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်မှစ၍ ယခုလိုစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်း၊ ဒေသထွက်ကုန်များအပေါ် အခြေခံပြီး တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ခြင်း၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာစေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိလျက်ရှိပါကြောင်းပြောကြားခဲ့ပါသည်။

ထို့နောက် ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေနဲ့ ကျေးလက်နေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် ဝင်ငွေတိုးတက်ရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာရေး၊ MSME များဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း ကာလတိုနည်းပညာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်။ ဌာနအနေနဲ့ ယခုလို ပုံမှန်သင်တန်းတွေ သင်ကြားပေးသည့်အပြင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းကို စတင်အကောင်အထည်ဖော်လျက်ရှိပါကြောင်း ဝင်ငွေတိုးစီမံကိန်းမှာ ဒေသခံပြည်သူများက တောင်းဆိုသော အသက်မွေးဝမ်းကျောင်း နည်းပညာများကို သင်ကြားပေးတဲ့အပြင် သင်တန်းဆင်းများကို ၎င်းတို့လုပ်ငန်းများ ထူထောင်လည်ပတ်နိုင်စေဖို့အတွက် လုပ်ငန်းသုံးပစ္စည်းများကိုလည်း သုံးစွဲခွင့်ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ညောင်ဦးခရိုင်အနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ကျေးရွာ(၂)ရွာကို ရွေးချယ်ခဲ့ပြီး ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာမှာ စားသောက်ကုန်ထုတ်လုပ်ငန်းငယ်(၅)ခုနဲ့ အသေးစားစက် ချုပ်လုပ်ငန်းငယ်(၅)ခု အောင်မြင်စွာပေါ်ထွန်းလာစေခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခု၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအနေနဲ့ လုပ်ငန်း(၂)ခုဆောင်ရွက်မှာဖြစ်ပြီး ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုမှာ စက်တင်ဘာလမှစ၍ စားသောက်ကုန် ထုတ်လုပ်ငန်းငယ်(၅)ခု ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ဒုတိယမြောက်အနေနဲ့ ခေတ်မီစံပြကျေးရွာဖြစ်သော ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာကို ရွေးချယ်ခဲ့ပါတယ်ကြောင်း၊ ခေတ်မီစံပြကျေးရွာဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားရသော ဒေသခံလူငယ်လူရွယ်များကို အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအနေနဲ့ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကာလအနေနဲ့ (အောက်တိုဘာလ(၁၁)ရက်နေ့မှ နိုဝင်ဘာလ(၉)ရက်နေ့ထိ (၁)ကြိမ်၊ နိုဝင်ဘာ(၁၈)ရက်နေ့မှ ဌာနအနေနဲ့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ ညောင်ဦးခရိုင်အတွင်း၊ ကျေးရွာ(၂)ရွာကို ရွေးချယ်ခဲ့ပြီး ဝင်ငွေတိုးစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ရာမှာ စားသောက်ကုန် ထုတ်လုပ်ငန်း (၅)ခုနဲ့ အသေးစားစက်ချုပ်လုပ်ငန်း(၅)ခု ပေါ်ထွန်းလာ စေခဲ့ပြီး ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအနေနဲ့ လုပ်ငန်း(၂)ခုဆောင်ရွက်မှာဖြစ်ပါတယ်။ ပထမ(၁)ခုကတော့ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုမှာ စက်တင်ဘာလမှစလို့ စားသောက်ကုန်ထုတ် လုပ်ငန်းငယ်(၅)ခု ပေါ်ထွန်းလာအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒုတိယ(၁)ခုအနေနဲ့ကတော့ ခေတ်မီစံပြ ကျေးရွာဖြစ်တဲ့ ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာကို ရွေးချယ်ခဲ့ပါတယ်။ ခေတ်မီစံပြကျေးရွာဖြစ်သည့်အလျောက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စတဲ့ကဏ္ဍပေါင်းစုံက ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ပြီး ပညာရေးဆုံးခန်းတိုင်အောင် မသင်ကြားရတဲ့ ဒေသခံလူငယ်လူရွယ်များကို အလုပ်အကိုင်အခွင့် အလမ်းများရရှိစေဖို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုအနေနဲ့ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ သင်တန်းကာလအနေနဲ့ အောက်တိုဘာလ(၁၁)ရက်နေ့မှ နိုဝင်ဘာလ(၉)ရက်နေ့ထိ (၁)ကြိမ်၊ နိုဝင်ဘာ (၁၈)ရက်နေ့မှ (၂၇)ရက်နေ့ထိ (၁)ကြိမ် စုစုပေါင်း သင်တန်း(၂)ကြိမ်မှာ သင်တန်းနည်းပြ (၂)ဦးနဲ့ သင်တန်းသား (၁၀)ဦးကိုသင်ကြားပေးသွားမှာ ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးသည့်အခါ လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကို ပေးအပ်သွားမှာဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီးမျိုးခိုင်ဝင်းက ကျေးရွာကော်မတီအဖွဲ့ ခေါင်းဆောင်အား စီမံကိန်းလုပ်ငန်း လွှဲပြောင်းပေးအပ်ခဲ့ပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနန်းတင့်က လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းများကို သင်တန်းသားကိုယ်စားလှယ်တစ်ဦးအား လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရသည်။

ယင်းနောက် ဌာနဆိုင်ရာအကြီးအကဲများ၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုကာ သင်တန်းသားများအား အားပေးစကား ပြောကြားခဲ့ကြောင်းသိရသည်။

ဒီပါလင်း