ပုဂံ-ညောင်ဦး လေဆိပ်အပါအဝင် ရန်ကုန်-ပုသိမ်-မန္တလေး ခရီးစဉ်သစ်ပျံသန်းမည်

ညောင်ဦး အောက်တိုဘာ ၁၁

မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကနေ ပြည်တွင်းခရီးစဉ်သစ်အဖြစ် ပုဂံ-ညောင်ဦးလေဆိပ် အပါအဝင် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်တွေကို အောက်တိုဘာလ (၁၃) ရက်ကစတင်ပြီး ပျံသန်းပြေးဆွဲပေးသွားမှာဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံက သိရသည်။

အဆိုပါခရီးစဉ်တွင် ရန်ကုန်-ပုသိမ်-ညောင်ဦး-မန္တလေး ခရီးစဉ်ကို အောက်တိုဘာ(၁၃)ရက်မှာ ရန်ကုန်ကနေ မနက် (၆) နာရီခွဲထွက်ခွာပြီး ပုသိမ်ကို မနက် ၇ နာရီ ၁၀ မိနစ်လောက်မှာ ရောက်ရှိမှာဖြစ်ပြီး ပုသိမ်ကနေဆိုရင် မနက် ၇ နာရီ ၂၅ မိနစ်လောက်မှာထွက်ခွာပြီး ညောင်ဦးကို ၉ နာရီ ၁၀ မိနစ်လောက်မှာရောက်ရှိမှာဖြစ်ကာ ညောင်ဦးကနေဆိုရင် မနက် ၉ နာရီ ၂၅ မိနစ်လောက်မှာထွက်ခွာကာ မန္တလေးကို မနက် ၁၀ နာရီလောက်မှာရောက်ရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာ (၁၄) ရက်နေ့မှာလည်း မန္တလေး-ညောင်ဦး-ပုသိမ်-ရန်ကုန် ခရီးစဉ်တွေကို မန္တလေးကနေ မွန်းလွဲ ၃ နာရီလောက်မှာထွက်ခွာကာ ညောင်ဦးကို ညနေ ၃ နာရီ ၃၅ မိနစ်လောက်မှာ ရောက်ရှိမှာဖြစ်ပြီး ညောင်ဦးကနေ ညနေ ၃ နာရီ မိနစ် ၅၀ လောက်မှာ ဆက်လက်ထွက်ခွာကာ ပုသိမ်ကို ညနေ ၅ နာရီ ၃၅ မိနစ်လောက်မှာ ရောက်ရှိမှာဖြစ်ကြောင်း သိရသည်။

ခရီးစည်အဖြစ် ပုသိမ်ကနေ ညနေ ၅ နာရီ မိနစ် ၅၀ လောက်မှာထွက်ခွာပြီး ရန်ကုန်ကို ညနေ ၆ နာရီခွဲလောက်မှာရောက်ရှိမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လေယာဉ်လက်မှတ်ခ နှုန်းထားတွေအနေနဲ့ ရန်ကုန်-ပုသိမ်ကို ကျပ် ၂ သိန်းခွဲ၊ ပုသိမ်-ညောင်ဦးကို ကျပ် ၂ သိန်း ၈ သောင်း၊ မန္တလေး-ညောင်ဦးကို ငွေကျပ် ၂ သိန်းနဲ့ ရန်ကုန်-ညောင်ဦးကို ငွေကျပ် ၂ သိန်း ၉ သောင်း သတ်မှတ်ထားကြောင်းသိရပြီး တနင်္ဂနွေ၊ တနင်္လာရက် ရက်များတွင် ပျံသန်းမည်ဖြစ်ကာ ခရီးစဉ်အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

ဒီပါလင်း