ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁၃
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ သက်ဆိုင်ရာ သန်းခေါင်စာရင်းကောက်ကွက်များအလိုက် ကောက်ယူလျက်ရှိရာ ယမန်နေ့က သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကိုတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ကြည့်ရှုအားပေးရာတွင်လည်း မှော်ဘီခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌဦးမြင့်နိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးခင်ဆွေတို့က ကျွဲကူးကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ကောက်ကွက်များတွင် မြို့နယ်အဆင့်ကြီးကြပ်ကော်မတီဝင်များနှင့်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့တို့မှ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို စာရင်းစစ်(၃၃)ဦးနှင့် စာရင်းကောက်(၁၂၆)ဦး၊ စာရင်းကောက်အဖွဲ့ပေါင်း(၃၀)တို့က ကောက်ကွက်ပေါင်း(၃၉၄) ကွက်တို့တွင် CAPI စနစ်အသုံးပြု၍ Mobile Tablet များဖြင့်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)