စေတုတ္တရာမြို့နယ်၌ မေတ္တာစေရာ နာမှုကူညီရေးအသင်း (၃)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ရှိ မေတ္တာစေရာနာမှုကူညီရေးအသင်းကြီး၏ (၃)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို မြို့နယ်လေးထပ်တောင်ကျောင်းတိုက်တွင် ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်သည်။

ကဝမြို့နယ် အ.ထ.က(ရစ်ကန်ကြီး)၌ လူငယ်စကားဝိုင်း ကျင်းပ

ကဝမြို့နယ် အ.ထ.က(ရစ်ကန်ကြီး)၌ လူငယ်စကားဝိုင်း ကျင်းပ ကဝ ဇန်နဝါရီ ၂၁ ရဲဇော်ဟိန်း(ပြန်/ဆက်)

ပိုင်ကျုံမြို့ အ.မ.ကဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ အ.မ.က ဘုရားကုန်း(၁)ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပင်လုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယနေ့နံနက် (၉:၀၀)နာရီ အချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမှတ်(၁)ရပ်ကွက်တွင် စတင်ဆောင်ရွက်လျက်ရှိသည်။

ပေါင်းတည်၌ နွေစပါးစိုက်ပျိုးရေ ဖြန့်ဝေရောက်ရှိမှု အခြေအနေ ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးမှုအတွက် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေများ ဖြန့်ဝေရောက်ရှိမှုအခြေနေကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ရေးကော်မတီအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံ(နေကြာ)နှင့် ဆောင်းသီးနှံများစိုက်ပျိုးမှု အခြေအနေများ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သီးနှံစိုက်ပျိုးသည့် ကျေးရွာများအရောက် ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကွန်ဟိန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း(၅၂၄)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်း သဘင်အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာ မူလတန်း ကျောင်း(၅၂၄)တွင် ပညာရေးစုံညီပွဲတော် နှင့်ဆုနှင်းသဘင် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင်ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း လယ်သီးထပ် ဆောင်းသီးနှံပဲပုပ်နှင့် နေကြာစိုက်ခင်းအား ကွင်းဆင်းစစ်ဆေး၊ တောင်သူများ၏ စိုက်ပျိုးရေလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် လယ်မြေ၊ ဥယျာဉ်ခြံ များတွင် သီးထပ်သီးနှံများ တိုးမြှင့်စိုက်ပျိုးနိုင်ရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးနိုင်ရေးတို့အတွက် စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ ညနေ ၃ နာရီခွဲတွင် မြစ်ကြီးနားမြို့ ပမ္မတီးအနောက်မြောက်ကွင်းအတွင်း တောင်သူများနှင့် တွေ့ဆုံပြီး လယ်သီး ထပ်ဆောင်းသီးနှံစိုက်ခင်းများစိုက်ပျိုးဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Subscribe to