မြစ်သားမြို့နယ်တွင် အိမ်ထောင်စု (၄၆၉၃၇)စု သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအား မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်များက မြို့နယ်အတွင်းရှိ သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းကို အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ပြီး ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ယူ ပြီးစီးမှု အိမ်ထောင်စုပေါင်း (၄၆၉၃၇)စုအား အောင်မြင်စွာကောက်ယူပြီးစီးဖြစ်ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူနေမှု ၉၂ ရာခိုင်နှုန်းကျော်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ ၉၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မုဒုံမြို့၌ မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့တွင် မိုးစပါးသီးနှံ ခေါင်နှံမျိုးသန့်ရွေးချယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီက ဘဲရမ်းကျေးရွာရှိ ကွင်းအမှတ် (၈၄၂ က N ၃၃) တောင်သူ ဒေါ်မတော၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာ (၁) ရက်နေ့မှ စတင်ကောက်ယူလျက်ရှိရာ အောက်တိုဘာ (၁၄) ရက်နေ့အထိ ကောက်ကွက် (၄၂၅) ကွက် ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချနေသော စားသောက်ကုန်များအား ဈေးကွက်နမူနာကောက်ယူ၍ ဓာတ်ခွဲစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့

သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ပင်ဖြစ်သည်။ ထိုနေ့တွင် မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူသောနေ့ ဖြစ်သောကြောင့် “အဘိဓမ္မာအခါတော်နေ့” ဟု ခေါ်ဆိုကြသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ဝါဆိုလပြည့်နေ့ ဓမ္မစကြာ အခါတော်နေ့များကဲ့သို့ပင် နေ့ထူးနေ့မြတ် တစ်နေ့ဖြစ်ပြီး၊ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ဖြစ်သဖြင့် ထူးမြတ်သောနေ့အဖြစ် အသိအမှတ်ပြုကြသည်။ မြတ်စွာဘုရားရှင်ဆင်းသက် ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အား ပူဇော်သည့်အနေဖြင့် ထိုနေ့တွင် ဆီမီးများထွန်းညှိပူဇော်ပွဲများ ဆင်ယင် ကျင်းပခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ရိုးကန်ကျေးရွာရှိ   စိုက်ဧက ၁၀ ဧကတွင် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကြဲပတ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တွင် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်ကြဲပတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်သာကျေးရွာအုပ်စု ရိုးကန်ကျေးရွာ ကွင်းအမှတ် ၆၁၃၊ ဦးပိုင်အမှတ် ၁၁၇/၁ ရှိ ဦးကျောင်မြင့်၏ စိုက်ဧက ၁၀ ဧကတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မင်းဘူးမြို့ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၃) ရပ်ကွက်ရှိ ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီးတွင် ဆွမ်းတော်ကြီးတင် ဆွမ်းပေါင်း၊ ဆွမ်းလောင်းပွဲများကို သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ချမ်းသာကြီးပရဟိတအဖွဲ့ထံမှ သိရသည်။

ကံမမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း (၉၉.၁) ရာခိုင်နှုန်း ကောက်ယူပြီးစီး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုတို့၌ စာရင်းကောက် စာရင်းစစ်အဖွဲ့များက အောက်တိုဘာ(၁)ရက်မှစတင်၍ စာရင်းကောက်ယူခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင် နောက်ဆုံးစာရင်းကောက်ယူရန်ကျန်ရှိသည့် မုန်းဒါးကျေးရွာအုပ်စုရှိ မုန်းဒါးကြီးကျေးရွာ၊ မုန်းဒါလေးကျေးရွာ၊ ဂျင်းရဲကျေးရွာနှင့် မတောင့်တကျေးရွာတို့၌ ဆက်လက်ကောက်ယူလျက်ရှိသည်။

စစ်ကိုင်းမြို့တွင် (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

စစ်ကိုင်းမြို့တွင် (၃၃)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ မျက်မမြင်လမ်းလျှောက်တုတ်နေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက စစ်ကိုင်းမြို့၊ မျက်မမြင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to