ချောင်းဆုံ အောက်တိုဘာ ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ စာရင်းစစ်၊စာ ရင်းကောက်များအား အောက်တိုဘာ (၁၄) ရက်နေ့က သန်းခေါင်စာရင်း ကောက်ကွက်များရှိ စုရပ်များတွင် ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသူဇာဝင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရင်းစစ်၊ စာရင်းကောက်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက်များက Mobile Tablet များ အသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် နံနက် (၇) နာရီမှ ညနေ (၆) နာရီထိ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)