တံတားဦး အောက်တိုဘာ ၁၄
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် သဘာဝဘေးကြောင့် ရေကြီးနစ်မြှပ်သည့် (၁၅) ဧကအား ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်းနှင့် ဆေးဖျန်းခြင်း ကွင်းသရုပ်သပြပွဲကို ယနေ့နံနက် (၁၀)နာရီက တံတားဦးမြို့နယ် ကန်ချောကျေးရွာအုပ်စု ကန်ချောကျေးရွာ ကွင်းအမှတ်(၁၄၂၆)၊ ဦးပိုင် ၃၅/၃ (က) တောင်သူ ဦးမြင့်အောင် လယ်ကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ရာသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန်နှင့်တာဝန်ရှိသူများ၊ တံတားဦးခရိုင် စိုက်/ ညှိအဖွဲ့ဝင်များ၊ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် စိုက်/ ညှိအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကနေဒီထွန်းနှင့် ဝန်ထမ်းများ တက်ရောက်ကြည့်ရှုခဲ့ကြသည်။
ထို့နောက် ရေကြီးနစ်မြှပ်ဧကများ ပြန်လည်ကုစားရန် သွင်းအားစုထည့်သွင်းခြင်းနှင့် ဆေးဖျန်းခြင်း ကွင်းသရုပ်ပြပွဲအား တောင်သူများမှ လယ်ကွင်းများအတွင်း သွင်းအားစုထည့်သွင်းခြင်းကို တိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လမ်းညွှန်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ ရေကြီးနစ်မြှပ်ဧကများ ပြန်လည်ကုစားရန်အတွက် တစ်ဧကလျှင် သဘာဝမြေဩဇာ (၁) အိတ်၊ ရွက်ဖျန်းအားဆေး (၁) ဗူးနှင့် ကျောက်မှုန့်မြေဩဇာ (၁) အိတ် နှုန်းတို့ကို (၁၅) ဧကအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။
တံတားဦးမြို့နယ်အနေဖြင့် ပျက်စီးသည့်သီးနှံမျိုးစုံ (၁၃) မျိုးရှိပါကြောင်း၊ ဒါ့အပြင် ပျက်စီးသည့်ဧက (၃၇၇၉) ဧကနှင့် ထိခိုက်ဧက စပါး (၁၅) ဧကရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)