ပေါင်းတည် အောက်တိုဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မိုးစပါး (၇၃၅၁၄) ဧက စိုက်ပျိုးခဲ့ကြပြီး သဘာဝဘေးအန္တရာယ် လွတ်ကင်းခဲ့ကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် ယမန်နှစ်ထက် မိုးစပါးစိုက်ပျိုးမှု တိုးချဲ့စိုက်ပျိုးလာကြောင်းနှင့် မိုးစပါးစိုက်ပျိုးမှု လျာထားချက်ကို ပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် ယခုရက်သတ္တပတ်အတွင်း မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြရာ မြို့နယ်အောက်ပိုင်းမြေနိမ့်ရေနက်ကွင်း စိုက်ခင်းအချို့၌သာ ရေပြည့်ရေလျှံမှုခံခဲ့ရကြောင်း၊ စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးမှုများ မရှိခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်သည် ပထဝီဝင်မြေပြင်အနေအထာားအရ ပဲခူးရိုးမနှင့် နီးကပ်စွာ တည်ရှိနေပြီး အခိုက်အတန့် တောင်ကျချောင်းရေဒဏ်သာ ခံစားရပြီး မြစ်များနှင့်နီးကပ်စွာ ထိစပ်မှုမရှိသဖြင့် မြစ်ရေကြီးမှုကြောင့် စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ဘေးအန္တရာယ်မှ ကင်းဝေးခဲ့ပြီး ယခုနှစ်အတွက် မိုးစပါးများ ဖြစ်ထွန်းအောင်မြင်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)