မအူပင် အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စဉ်ဆက်ပညာရေးလုပ်ငန်း စာသင်ဝိုင်းများသင်ကြားနေမှုများအား ယမန်နေ့နံနက်ပိုင်းက စဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါစဉ်ဆက်ပညာရေးလုပ်ငန်းများအား မအူပင်မြို့နယ်အတွင်းကျေးရွာအုပ်စု (၅၅)အုပ်စု ရှိ စာသင်ဝိုင်းပေါင်း (၁၀၀) တွင် စာသင်သားဦးရေ (၁၀၀၀) ဦးအား သင်ကြားပို့ချပေးလျက်ရှိပြီး မလက်တိုကျေးရွာအုပ်စု၊ လှိုင်းတာကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် သင်ကြားနေမှုနှင့် အလန်းအုပ်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် သင်ကြားနေမှုများအားလည်းကောင်း၊ ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာရှိ မိုးကုတ်ဝိပဿနာဓမ္မာရုံဘုန်းတော်ကြီး ကျောင်းတွင် သင်ကြားနေမှုများအားလည်းကောင်း စဉ်ဆက်ပညာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး မုန့်နှင့်အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)