သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ(နေကြာ)အထွက်နှုန်းတိုးတက်စေရေး ပညာပေး ရက်တိုသင်တန်းဖွင့်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံ(နေကြာ)အထွက်နှုန်း တိုးတက်စေရေး ပညာပေးရက်တိုသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။