အောင်လံ အောက်တိုဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့မြို့ မုဒြာစာကြည့် တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြလို့မြို့ အမှတ် (၃) ရပ်ကွက်တွင်ပြုလုပ်ကျင်းပခဲ့သည်။
အောင်လံမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်ဒေသခံပြည်သူမျာနှင့် ယနေ့ခေတ်ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့် အလေးအကျင့်ကောင်းရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ဖွင့်လှစ်သည့် ပြလိုမြို့ မုဒြာစာကြည့်တိုက် အဆောက်အအုံသစ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်းကြီး ဦးအောင်သူဦးတို့ကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းကာ စာကြည့်တိုက်အတွင်းလှည့်လည် ကြည့်ရှုခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က စာကြည့်တိုက်များဖွင့်ဖြိုး တိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ စာကြည့်တိုက်များအတွက် ပရိဘောကအထောက်အကူပြု ပစ္စည်းများဖြည့်ဆည်းပေးခြင်းနှင့်သုတ၊ရသစာအုပ်စာပေများ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့်စာကြည်းတိုက်ကို အကြိုးရှိစွာအသုံးချရေးနှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် စာကြည့်တိုက်ဖွံ့ပွဲအခမ်းအနားတွင် အိုးစည်ဒိုးပတ်အဖွဲ့နှင့်ပြလို့မြို ရှစ်မျက်နှာဓမ္မစကူးကျောင်းမှ မြန်မာ့သိုင်းဖြင့်သရုပ်ပြသခဲ့သည့်အဖွဲ့တို့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး မုဒြာစာကြည့်တိုက်နှင့် ပတ်သက်သည့်အချက်အလက်များကို မြို့နယ်စာကြည့်တိုက်များ တည်ဆောက်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်က ပြလို့မြို့စာကြည့်တိုက်များ တည်ဆောက်အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးနိုင်အားလွှဲပြောင်းပေးအပ်ခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အဆိုပါစာကြည့်တိုက်အဆောက်အအုံသစ်ကို နိုင်ငံတော်နှင့်ပြည်သူများမှ စုစုပေါင်းငွေကျပ် သိန်း (၁၅၀) ဖြင့် ဖြည့်ဆည်းတည်ဆောက်ခံခြင်းဖြစ်ပြီး တိုင်းဒေသကြီအတွင်း စာကြည့်တိုက်အဆောက်အအုံသစ် ၂၁ တိုက်ကိုဖွင့်လှစ်ပေးမည်ဖြစ်ရာ ယခုစာကြည့်တိုက် အပါအဝင် စာကြည့်တိုက်ငါးတိုက်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျိုးသိန်း (ပြန်/ဆက်)