အမရပူရ အောက်တိုဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အိုးတော်ရပ်ကွက်အိုးတော်မူလွန်ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အမရပူရမြို့နယ် ကဿ်ခြေနီအသင်းခွဲမှကြီးမှူး၍ အောက်တို ဘာလ၁၃ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Reduction-13rd October. 2024) အထိမ်းအမှတ်နေ့အခမ်းအနားကိုကျင်းပခဲ့သည်။
ဦးစွာအမရပူရခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးညိုဝင်းက မိတ်ဆက်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂမှပေးပို့သော အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့သဝဏ်လွှာကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှအကြီးတန်းစာရေးဦးမြင့်ဆွေ ကဖတ်ကြားခဲ့သည်။ ယခုနှစ်အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ချရေးနေ့ကို အနာဂတ်မှာကြံ့ကြံ့ခံနိုင်ဖို့၊ မျိုးဆက်သစ်တို့စွမ်းအားမြှင့်တင်စို့ (Empowering the next generation for a resilient future)ဆောင်ပုဒ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူလေးများက ကြိုတင်ကာကွယ် ဘေးအန္တရာယ်ကစားရင်းနဲ့သက်ယူမယ် (Riskland Game)နှင့် ပဟေဋိများကို ဝင်ရောက်ဖြေဆို ဆော့ကစားကြသည်။ ဝင်ရောက်ဆော့ကစားသော ကျောင်းသား၊ ကျောင်းသူလေးများကို အမရပူရခရိုင်ကြက်ခြေနီအသင်းက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)