သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အင်ဖက်များအခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံ မှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၀ ရက်နေ့နံနက်ပိုင်းက တပူရွေးရပ်ကွက်တွင် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၀ ရက်နေ့ ည ၆ နာရီ ၃၀မိနစ်မှ ည ၇ နာရီထိ မြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်း နှိုးဆော်ကြကြောင်း သိရသည်။

ဂျုံမျိုးသစ်များ စိုက်ပျိုးသရုပ်ပြပွဲနှင့် တောင်သူများ ပါဝင်မျိုးရွေးချယ်ပွဲနှင့် ရှမ်းပြည်နယ် အာလူးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၀)ရက်ညနေ(၄)နာရီခွဲက ဒေသသုတေသနဗဟိုဌာန၊ အောင်ပန်းအစည်းအဝေးခန်းမ၌ ဂျုံမျိုးသစ်များ စိုက်ပျိုးပြပွဲနှင့် တောင်သူများမှ မျိုးရွေးချယ်ပွဲသို့ တက်ရောက်ကြကြောင်း သိရသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက မျိုးကောင်းသည့်ဂျုံများကို အထွက်နှုန်းကောင်းအောင် ဆောင်ရွက်ကြရန်၊ ဂျုံသီးနှံကိုဖွံ့ဖြိုးတိုးတက်အောင် တောင်သူများမှ ဆောင်ရွက်ပေးကြရန်နှင့် တောင်သူများအနေဖြင့် မည်သည့်သီးနှံမဆို စိုက်ပျိုးပေးကြရန် ပြောကြားသည်။

သထုံခရိုင် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၊ မြို့နယ်အမျိုးသမီးများ အသင်း (Woman Club) နှင့် မြို့နယ်စာရေးဆရာများအသင်းတို့ ပူးပေါင်းကာ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

တိုက်ကြီးမြို့နယ်၌ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏ ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် ဇန်နဝါရီ(၂၀)ရက်နံနက်(၉)နာရီခွဲက ရပ်စောက်မြို့နယ်၊ ဗထူးတပ်နယ်အတွင်း ပိန်းချောင်းဆည် အထွေထွေပြုပြင်ခြင်းလုပ်ငန်း(အပိုင်း-၂) ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ ရပ်စောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ဗထူးတပ်မြို့ ကန်တောင်မင်ဧရိယာစနစ်တကျ လယ်ယာမြေ(၁၀၅)ဧက ဖော်ထုတ်နေမှုနှင့် ဖြစ်ထွန်းအောင်မြင်နေသော နေကြာစိုက်ခင်းများကို လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါပိန်းချောင်းဆည်ရေများ ကိုကန်တောင်မင်ဧရိယာ စနစ်တကျလယ်ယာမြေတွင် စိုက်ပျိုးရေအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံများ လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်အတွင်း၊ ဒေသတွင်းဆီဖူလုံရေးအတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာ ၃၉၂ ဧက၊ မြေပဲ ၃၆၉ ဧက၊ နှမ်း ၃၄၉ ဧက စုစုပေါင်းဆောင်းသီးနှံ ၁၁၀၄ ဧကကို လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေ ပေးအပ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်းဇင်းကျေးရွာအုပ်စု၊ ရွှေလှိုင်းကျေးရွာ ဇန်နဝါရီ ၂၀ ရက်၊ နံနက် ၉ နာရီအချိန်က မီးလောင်းကျွမ်းဆုံးရှုံးခဲ့သည့် နေအိမ်မိသားစုဝင်များအား ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့ ပြည်တော်အေးစေတီတော်၌ ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲ အခမ်းအနားပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ဥပ္ပါတသန္တိပရိတ်တော်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၆ အချိန်က ကော့သောင်းမြို့ဆုတောင်းပြည့် ပြည်တော်အေးစေတီရင်ပြင်ရှိ ဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to