ဟိုပုံးမြို့နယ်တွင် ရေဘေးသင့်လုံးဝပျက်စီးခဲ့သည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟိုပုံးမြို့နယ်ရုံးမှ ရေဘေးသင့်လုံးဝပျက်စီးခံသည့် လူနေအိမ် ၂၆၁ လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းကြောင့် ပျက်စီးခဲ့သည့် PSC-Q လုပ်ကွက်၊ ဘုရားကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဘူမိရူပဗေဒဌာနလက်အောက်ရှိ ဆိုက်စမစ်ရေနံရှာဖွေရေးအဖွဲ့သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ဆိုက်စမစ်တိုင်းတာရေးလုပ်ငန်းကြောင့် ပျက်စီးခဲ့သည့် PSC-Q လုပ်ကွက်၊ ဘုရားကုန်းဧရိယာ သီးနှံလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to