ကန့်ဘလူမြို့နယ်၌ သန်းခေါင်စာရင်း ကောက်ယူနေမှု ၉၂ ရာခိုင်နှုန်းကျော်ပြီးစီး

ကန့်ဘလူ အောက်တိုဘာ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ ၉၂ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါသန်းခေါင်စာရင်းကောက်ယူမှု အခြေအနေများကို ခရိုင်နှင့်မြို့နယ်သန်းခေါင်စာ ရင်းကော်မတီဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ၊ သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကန့်ဘလူမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ကွက် ၈၃ ကွက်ရှိရာ အောက်တိုဘာ ၁၄ ရက်နေ့အထိ ကောက်ကွက် ၇၇ ကွက် ကောက်ယူပြီးစီးခဲ့ရာ ရာခိုင်နှုန်းအနေဖြင့် ၉၂ ဒသမ ၇၇ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)