ကံမမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း (၉၉.၁) ရာခိုင်နှုန်း ကောက်ယူပြီးစီး

ကံမ အောက်တိုဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုတို့၌ စာရင်းကောက် စာရင်းစစ်အဖွဲ့များက  အောက်တိုဘာ(၁)ရက်မှစတင်၍ စာရင်းကောက်ယူခဲ့ကြရာ ယနေ့နံနက်ပိုင်းတွင် နောက်ဆုံးစာရင်းကောက်ယူရန်ကျန်ရှိသည့် မုန်းဒါးကျေးရွာအုပ်စုရှိ မုန်းဒါးကြီးကျေးရွာ၊ မုန်းဒါလေးကျေးရွာ၊ ဂျင်းရဲကျေးရွာနှင့် မတောင့်တကျေးရွာတို့၌ ဆက်လက်ကောက်ယူလျက်ရှိသည်။

ထိုသို့ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာ၌ ကံမမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂)အုပ်စုတို့တွင် ကောက်ကွက်ပေါင်း (၂၂၅)ကွက်ရှိရာ အောက်တိုဘာ (၁၄)ရက်နေ့ ညနေပိုင်းအထိ  စုစုပေါင်းကောက်ကွက် (၂၂၃)ကွက်၌ အိမ်ထောင်စု (၁၈၈၄၂) စုနှင့် လူဦးရေ စုစုပေါင်း (၆၃၃၄၈)ဦးတို့အား စာရင်းကောက်ယူနိုင်ခဲ့ပြီး (၉၉.၁) ရာခိုင်နှုန်းကောက်ယူပြီးစီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)