ဆူးလေစေတီတော်၌ သီတင်းကျွတ်လပြည့်နေ့အထိမ်းအမှတ် (၃) ရက်တိုင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်မည်

ကျောက်တံတား အောက်တိုဘာ ၁၆

ကျောက်တံတားမြို့ရှိ ဆူးလေစေတီတော်တွင် သီတင်းကျွတ်လပြည့်အထိမ်းအမှတ်အဖြစ် အဖိတ်နေ့၊ လပြည့်နေ့နှင့်လပြည့်ကျော် (၁) ရက်နေ့များဖြစ်သည့် အောက်တိုဘာလ (၁၆) ၊ (၁၇) နှင့် (၁၈) ရက်‌နေ့ညများတွင် ဆီမီးငါးထောင်ထွန်းညှိ ပူဇော်မည်ဟု သိရသည်။

“သီတင်းကျွတ်လအတွက်ကတော့ အဖိတ်နေ့မှာ အဘိဓမ္မာအခါတော်နေ့အကြိုတရားပွဲ၊ နာယကအဖွဲ့ဝင်တွေနဲ့ ဂေါပကအဖွဲ့ဝင်များကို ဝန်ထမ်းများက ကန်တော့မည့်ပွဲနှင့် ဆီမီးငါး‌ထောင် ထွန်းညှိပူဇော်ပွဲရှိပါမယ်၊ ဆီးမီးငါးထောင်ကိုတော့ ညနေ(၆)နာရီမှာ နေ့တိုင်းစပူဇော်ပြီး (၃)ရက်တိုင်တိုင် ပြုလုပ်သွားဖို့ရှိပါတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။

ဆူးလေစေတီတော်သည် ရန်ကုန်မြို့လယ်လမ်းဆုံတွင် တည်ရှိ၍ တည်ထားသည့်တစ်ဆူတည်းသော စေတီတော်ဖြစ်ပြီး အခါကြီးရက်ကြီးများတွင် အထိမ်းအမှတ်ပွဲတော်များကို ကျင်းပလေ့ရှိကြောင်း သိရသည်။

ကျောက်တံတား(ပြန်ဆက်)