ဒဂုံတောင် အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၅၃ ရပ်ကွက် မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှ - ဘုရား) စေတီတော်ရင်ပြင် ပရဝုဏ်အတွင်း တနင်္ဂနွေထောင့်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် စာဂမုတ္တိ အကျွတ်အလွတ်စေတီတော် စတုတ္ထအကြိမ်မြောက် ဗုဒ္ဓဘိသေကအနေကဇာတင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါစေတီ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် ၅၄ ရပ်ကွက်ရှိ ဓာတုဓိဋ္ဌာန်ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တစန္ဒာသီရိ အမှူးပြုသော သံဃာတော်အရှင်သူမြတ်များက စာဂမုတ္တိအကျွတ်အလွတ်စေတီတော်အား ဗုဒ္ဓဘိသေက အနေကဇာတင်ကြသည်။ ဆက်လက်၍ ဆရာတော်ထံမှ စေတီတော်ဂေါပကအဖွဲ့၊ စာဂမုတ္တိ အကျွတ်အလွတ်စေတီတော်အလှူရှင် အမှတ် ၅၆ ရပ်ကွက်နေ ဘုရားဒါယိကာမကြီး ဆရာမ ဆုလဲ့ဝတီနွယ် (ခ) ဒေါ်သန္တာနွယ် (အကြားအမြင် ဝိညာန်အထူးဟောခန်း၊ မြန်မာနိုင်ငံဗေဒပညာရှင်များအဖွဲ့ချုပ် - ဗဟို)နှင့် တပည့်၊ သား၊ သမီးများက ဓမ္မဝိသုဒ္ဓိအောင်ဇေယျုံ သာသနာ့ဗိမာန်၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ထံ ဒါတဗ္ဗဝတ္ထုများ ဆက်ကပ်လှူဒါန်းကြရာ ဆရာတော်က သာသနာ့မှတ်တိုင်စိုက် တရားတော်မြတ်ကို ဟောကြားတော်မူသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ထံ ရေစက်သွန်းချ တရားတော်နာယူကြသည်။
သန်းသန်းအေး