လှည်းကူး အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် စူပါနှံကောက် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၉ နာရီက တံခွန်တိုင်(အင်းစိန်)ကျေးရွာအုပ်စု၊ ကွင်းအမှတ်-၅၀၄၊ မောင်ကြီးရိုးကွင်း၊ ဦးပိုင်အမှတ်-(၁၅/၂)၊ တောင်သူ ဦးမျိုးမင်းထိုက်၏ မိုးစပါးစံပြကွက်(၇.၀၁)ဧက၌ ကျင်းပပြုလုပ်သည်။
ထိုသို့ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးထားရှိသည့် စူပါနှံကောက် မိုးစပါးစံပြကွက် (၀.၁၀) ဧကကို စပါးချွေလှေ့စက်ဖြင့် ရိတ်သိမ်းခဲ့ကြရာတွင် တစ်ဧက အစိုအထွက်နှုန်းအနေဖြင့် (၁၁၃)တင်းနှုန်းနှင့် တစ်ဧကအခြောက်အထွက်နှုန်းအနေဖြင့် (၁၀၂)တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံပြကွက် ရိတ်သိမ်းရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းအောင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)