ကော့သောင်း အောက်တိုဘာ ၁၈
ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်ည အဘိဓမ္မာအခါတော်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့၏အထင် ကရဘုရားတစ်ဆူဖြစ်သည့် ပြည်တော်အေးစေတီတော်ဘုရားရင်ပြင် တော်တွင်မြို့နယ်အတွင်းရှိ ပြည်သူများ၊ ရပ်နီးရပ်ဝေးမှဘုရားဖူးလာ ပြည်သူများမှ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ နံသာတိုင်များ ထွန်းညှိပူဇော်၍ ဘုရားဝတ်ပြုဆုတောင်းသူများ၊ ဆီမီးတစ်ထောင် ထွန်းညှိပူဇော်သူများနှင့် စားစရာမုန့်ပဲသရေစာ၊ ကလေးကစားစရာ၊ အဝတ်အထည်များစသည်ဖြင့် ဘုရားပွဲဈေးရောင်း၊ ဈေးဝယ်သူများဖြင့် ယခင်နှစ်များထက်ပင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)