ငါန်းဇွန် အောက်တိုဘာ ၁၈
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီတော်များနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် ဘုရားဖူးပြည်သူများ၊ သီတင်းသီလ ဆောက်တည်သူများ၊ ကုသိုလ်ဒါနပြုကြသူများဖြင့် စည်ကားခဲ့သည်။
သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့တွင် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာအတိုင်း မြို့ပေါ်ရပ်ကွက်များရှိ ဘုရားစေတီတော်များနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ အလှူဒါနပြုခြင်း၊ သီတင်းသီလ ဆောက်တည်ခြင်းနှင့် ညပိုင်းအချိန်တွင် ဆီမီးကပ်လှူပူဇော်ခြင်းများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)