ကျောက်ဆည်မြို့တွင် သံဃာဂိုဏ်ပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ကျောက်ဆည် အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သာသနာတော်နှစ် ၂၅၆၈ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၆ ခုနှစ် သံဃာဂုဏ်းပေါင်းစုံ ပဝါရဏာရွတ်ဖတ်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေညနေ (၃) နာရီက ဆူးကုန်းရပ်ကွက် ရေနားသာမဏေကျော်ကျောင်း ဝေရီဇေယျသာသနဝေပုလ္လကာရီ ဝိသုဂါမမဟာသိမ်တော်ကြီးတွင် ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး ရွတ်ဆိုပြီး ဖောင်ရွာရပ်ကွက် ကုန်းမြင့်သာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဘဒ္ဒန္တစက္ကိန္ဒာဘိဓဇ ဆရာတော်မှ ပညာလင်္ကာရ စာသင်တိုက် ဘဒ္ဒန္တဇနိသယဆရာတော်က ဉတ်ထာမည့် ဆရာတော်အား အမည်မှည့်၍ အဇေဈကသမ္မုတ္တိ ဉတ္တိဌပနာပါဠိ (၁) ကြိမ် ရွတ်ဆိုရန်နှင့် မယ်ဇယ်ပင်ကျေးရွာ ပညာလင်္ကာရစာသင်တိုက် ဘဒ္ဒန္တဇနိသယဆရာတော်က ဉတ်ထားရန် လျှောက်ထာသည့် ပါဠိတော်အား သုံးကြိမ် လျှောက်ထားရန်နှင့် ဆူးကုန်းရပ်ကွက် မဟာဝိသုတာရာမကျောင်းတိုက်မှ ဘဒ္ဒန္တတေဇနိယာလင်္ကာရဆရာတော်က သံဃာ့ပဝါရဏာ ဉာတ်ထားပုံပါဠိအား ရွတ်ဆိုဉတ်ထားရန် မိန့်ကြားခဲ့ကြသည်။

ထို့နောက် ပါရိသုဒ္ဓိဥပုသ်မရသည့် သံဃာတော်များမှ ဥပုသ်ပြုကြပြီး မေတ္တာသုတ်ပရိတ်တော်များရွတ် ဖတ်ပူဇော်ကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းရုပ်သိမ်းခဲ့ပြီး သံဃာတော်များအား ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းနှင့်ဝန်ထမ်းများ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ အလှူရှင်များက ဝတ္ထုငွေများ၊ ဆွမ်းဆန်များနှင့် သံဃာအသုံးအဆောင်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။                                       

သက်မောင်(ကျောက်ဆည်)