မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သော စီမံကိန်းပြီးဆုံးခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ပဲခူး အောက်တိုဘာ ၂၅

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက်သော ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ရွာသစ်ကျေးရွာစီမံကိန်းပြီးဆုံးခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို အောက်တိုဘာ (၂၃) ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စီမံကိန်းအကြံပေး ဦးအောင်မြတ်ကျော်က အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်သည့်ကိုယ်စားလှယ်များ၊ အခြားကျေးရွာများမှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့ အုပ်စုအဖွဲ့ () ဖွဲ့ဖြင့် စီမံချက်အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများ၊ အကောင်းဆုံးအလေ့အကျင့်များနှင့် ရရှိသော သင်ခန်းစာများအား ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အုပ်စုအဖွဲ့ () ဖွဲ့တို့မှ Project Phase Out Plan ရေးဆွဲခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ရွာသစ်ကျေးရွာအတွက် Project Phase Out Plan အား အတည်ပြုခဲ့ကြကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)