တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲ ကျင်းပ

တန့်ယန်း အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှကြီးမှူး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက အမှတ်(၈)ရပ်ကွက်၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမြင့်စိုး၊ မြို့နယ်ဥပဒေအရာရှိ ဦးထက်လင်းဟန်၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ဝင်းကိုကို၊ လမ်းဦးစီးဌာနမှူး ဦးတိုးဇေယျာလင်း၊ စည်ပင်သာယာရေးဌာနမှ ဦးအောင်မိုင်တို့က မော်တော်ယာဉ် အသုံးပြုသူများနှင့် လမ်းအသုံးပြုသူများ သိရှိလိုက်နာနိုင်ရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများအား ပရိုဂျက်တာဖြင့် အသိပညာပေးဟောပြောခဲ့ကြကြောင်းသိရသည်။

မင်းလွင်ဦး(တန့်ယန်း)