ကန့်ဘလူ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားရရှိစေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ ဝန်ထမ်းများစုပေါင်းစာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလထုတ် သုတပဒေသာနှင့်လူငယ်ရေးရာစာစောင် အတွဲ(၅၀)၊ အမှတ်(၁၀)စာအုပ်မှ ဆန်းသစ်အောင်(မဟာဝိဇ္ဇာ- အင်္ဂလိပ်ဘာသာစကား)ရေးသားသည့် မိမိကိုယ်ကိုမှန်ကန်စွာသုံးသပ်နိုင်ကြဖို့ ဆောင်းပါးနှင့်ပတ်သက်၍ လူတို့၏စိတ်သည် အချိန်အခါ၊ အသက်အရွယ်အလိုက်ပြောင်းလဲတတ်ကြောင်း၊ လူတစ်ဦးနှင့်တစ်ဦး ယူဆချက်၊ သဘောထားအမြင်များမတူကြောင်းနှင့် မိမိကိုယ်ကိုမှန်ကန်စွာရှုမြင်သုံးသပ်နိုင်ရန်ခက်ခဲကြောင်းစသည်ဖြင့် ဦးဆောင်ဆွေးနွေးပြီး ဝန်ထမ်းများက ဆောင်းပါးပါအကြောင်းအရာများကို မိမိတို့နားလည်သဘောပေါက်သလို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)