မင်းဘူး အောက်တိုဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ခ.လ.ရ(၈၈)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခ.လ.ရ(၈၈)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးဦးစိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရာ၌ လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာ ဗဟုသုတတွေပိုမိုရရှိစေရန် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလူငယ်များသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်ကာယ၊ ဥာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂအစရှိသည့် ဗလငါးတန်နှင့် ပြည့်စုံသူများဖြစ်ဖို့ကျောင်းသား၊ ကျောင်းသူများ အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်၊ ယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်ဖို့ လိုအပ်ကြောင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးမျိုးမောင်မောင်ကျော်က (Moderator)အဖြစ်ဆောင်ရွက်၍ ဆွေးနွေးသူများအဖြစ် ခ.လ.ရ(၈၈)အခြေပညာအလယ်တန်းကျောင်း(ခွဲ)မှ Grade(7) ကျောင်းသားမောင်နိုင်သူဝင်းက လူငယ်နှင့်ခေါင်းဆောင်မှု၊ Grade(9) ကျောင်းသူမသူသူမောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade(9) ကျောင်းသူမအိန္ဒြေမြင့်မိုရ်က လူငယ်နှင့်အားကစား၊ Grade(9) ကျောင်းသူမမြတ်နိုးနိုင်က လူငယ်နှင့်မူးယစ်ဆေး၊ Grade(9) ကျောင်းသူမသူဇာလင်းက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေး၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်အသိပညာပေးနံရံကပ်စာစောင်နှင့် ခင်းကျင်းပြသထားသော စာအုပ်များကို စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဇေယျာထက်(မင်းဘူ)