ဖြူးမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲ ပြုလုပ်

ဖြူး အောက်တိုဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်ပြပွဲနှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်အိမာဟိန်းက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းကို ရှင်းလင်းပြောကြားပြီးနောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကိုကျင်းပရာ ဖြူးမြို့ပေါ်အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ(၂၀)ဦးက ပဟေဠိ​မေးခွန်းများအား ဖြေဆိုယှဉ်ပြိုင်ကြသည်။

ပြိုင်ပွဲအပြီးတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုလက်ဆောင်ဆုများ ချီးမြှင့်ပေးကြပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကိုပြသပေးခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)