ညောင်ဦးခရိုင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး အောက်တိုဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်၌ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်းအနားကို ညောင်ဦးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အားကစားခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ဆုခြင်းပွဲအခမ်းအနားတွင် ညောင်ဦးမြို့ တော်ဝင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ သူများက မင်္ဂလာပါသီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။ ထို့နောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးက ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိမြှင့်တင်ရေးပွဲတော် ကျင်းပခဲ့ပုံများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.မ.က မူလွန် (၄) ကျောင်းသား၊ ကျောင်းသူမှ ဦးရွှေရိုးနှင့် ဒေါ်မိုးအကဖြင့် ကပြဖျော်ဖြေခြင်း၊ YMCA ကိုယ်ပိုင်အထက်တန်းကျောင်းမှ လက်ပံပွင့်ကောက် ယိမ်းအဖွဲ့ဖြင့် ကပြဖျော်ဖြေခြင်းကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုး၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ ညောင်ဦးခရိုင်ပညာရေးမှူး ဦးကျော်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးနှင့်တာဝန်ရှိသူများက အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းဆင့်ပုံပြောပြိုင်ပွဲ၊ မူလတန်းဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ညောင်ဦးမြို့၊ မြင်းကပါ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာရည်တို့လှမ်းချီသီခြင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဒီပါလင်း