မဟာအောင်မြေ အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး၌ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ (၇-၁၁-၂၀၂၄) ရက်နေ့တွင် ကျရောက်မည့် (၃၆) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒသကြီးဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီး ရေးရာကော်မတီဝင်များ၊ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့်ဇနီးများ အမှုထမ်း/ အရာထမ်း ဝန်ထမ်းများ စုစုပေါင်းဝန်ထမ်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ တိုင်း၊ ခရိုင်၊ မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများလည်း ဝင်ရောက်သွေးလှူဒါန်းခဲ့ကြကြောင်းနှင့် သွေးလှူဒါန်းသူများအား တာဝန်ရှိသူများမှ အာဟာရအချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း