ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ

ညောင်တုန်း အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆားမလောက်ကျေးရွာရှိ သုခမင်္ဂလာဈေးရုံ‌ရှေ့၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးကော်မတီမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အသိပညာပေးဆောင်ပုဒ်နှင့် မီးလန့်မှု/မီးလောင်မှုဖြစ်ပွားပါက နီးစပ်ရာမြို့နယ်မီးသတ်စခန်းများသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များပါဝင်သော မြေစိုက်ပိုစတာကို စိုက်ထူခဲ့ပြီး စည်ပင်သာယာ‌အဖွဲ့ပိုင်‌ ဈေးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီမံထားရှိမှုများကို ကြည့်ရှုစစ်‌ဆေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)