ဒေးဒရဲမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  ကျောင်းသား၊ ကျောင်းသူများ ပညာကိုကြိုးစားအားထုတ်မှု ပိုမိုတိုးပွားလာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန်နှင့် အင်္ဂလိပ်စာဝေါဟာရကြွယ်ဝလာစေရန် ရည်ရွယ်၍ ၂၀၂-၂၀၂ ပညာသင်နှစ် မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ(ကျပန်း)များကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက Grade - 5 မှ (၅၈)ဦး၊ Grade - 6 မှ (၀)ဦး၊ Grade- 7 မှ (၁၅)ဦး၊Grade - 8 မှ ()ဦးနှင့် Grade - 9 မှ (၁၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၀၄) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ရေးဖြေ၊ ကျပန်း၊  နှုတ်ဖြေဘာသာရပ်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ရေးဖြေနှင့် ဓမ္မဓိဌာန်ဘာသာရပ်များကို ဖြေဆိုလျက်ရှိပြီး ယင်းတို့အနက်မှ သတ်မှတ်အရည်အချင်းနှင့် ပြည့်မီသူများကို တိုင်းဒေသကြီးအဆင့်သို့  သွားရောက်ယှဉ်ပြိုင်နိုင်ရန် စေလွှတ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေဇာလင်း