ကျောင်းကုန်း အောက်တိုဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်နှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Grade 5 သင်္ချာစွမ်းရည်မှာ ဖြေဆိုချိန်(၁)နာရီ၊ ဓမ္မဓိဌာန်(၁)နာရီ စုစုပေါင်း(၂)နာရီကြာ မြင့်မည်ဖြစ်ပြီး၊ Grade 6, Grade 7, Grade 8, Grade 9 သင်္ချာစွမ်းရည်မှာဖြေဆိုချိန်(၁း၃၀)
နာရီ၊ ဓမ္မဓိဌာန်(၁)နာရီ စုစုပေါင်း (၂း၃၀)နာရီ ကြာမြင့်မည်ဖြစ်သည်။ Grade-5 မှ Grade-9 အထိ အင်္ဂလိပ်စာစွမ်းရည်မှာ ဖြေဆိုချိန်(၁)နာရီနှင့် ကျပန်း Grade-5 မှာ(၃)မိနစ်၊ Grade-6 နှင့် Grade-7 မှာ (၄)မိနစ်၊ Grade-8 နှင့် Grade-9 မှာ (၅)မိနစ်စီ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။ သင်္ချာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/သူ (၁၃၇)ဦး ဝင်ရောက်ဖြေဆိုပြီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲသို့ ကျောင်းသား/သူ(၈၄)ဦး ဝင်ရောက်ဖြေဆိုကြသည်။
ကျောင်းကုန်းမြို့နယ်တွင် အတန်းတစ်တန်းလျှင် သင်္ချာစွမ်းရည်ပြိုင်ပွဲမှ အမှတ်အများဆုံး ကျား(၁)ဦး၊ မ(၁)ဦးကို စိစစ်ရွေးချယ်မည်ဖြစ်ပြီး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲမှ အမှတ်အများဆုံး ကျား(၃)ဦး၊ မ(၃)ဦး ရွေးချယ်၍ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ထပ်မံယှဉ်ပြိုင်ကာ အမှတ်အများဆုံး ကျား (၁)ဦး၊ မ (၁)ဦးကို စိစစ်ရွေးချယ်သွားမည်ဖြစ် သည်။ တိုင်းအဆင့်ပြိင်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲများသို့ ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)