ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများအဆင်ပြေလျက်ရှိ

​ကျောက်ဆည် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ပြည်သူများအနေဖြင့်  ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည်း၊ နေ့စဉ်ဝင်ငွေရရှိရေး ကာလတို/ကာလရှည် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ညောင်ပင်ဇောက်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး စတင်ခူးဆွတ်ရောင်းချသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

ရုံးပတီသီးနှံသည် မိသားစုတစ်ပိုင်တစ်နိုင် ကုန်ကျငွေနည်းနည်းဖြင့်စိုက်ပျိုးနိုင်ပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသည့် သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် ရုံးပတီသီးနှံသည်စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)ကျော်ပါက စတင်ခူးဆွတ်ရောင်းချရကြောင်း ရေကြိုက်နှစ်သက်သဖြင့် ရေသွင်း/ရေထုတ်လွယ်ကူစေရန်အတွက်  မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာတွင် မြေကျင်းတူး၍ အစေ့တိုက်ရိုက်ချစိုက်ပျိုးနိုင်ကြောင်းနှင့် လိုအပ်သည့်အချိန်များတွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများနှင့် သဘာဝရောဂါပိုး ကာကွယ်နှိမ်နှင်းဆေးများဖျန်းပေးပါက အသီးအထွက်နှုန်းကောင်းမွန်ကာ ရက်ပေါင်း(၉၀) အထိ ခူးဆွတ်ရောင်းချရသည့်အတွက် စိုက်ပျိုးသင့်သည့် သီးနှံတစ်များဖြစ်ကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)