မိတ္ထီလာခရိုင်အဆင့်ဌာနဆိုင်ရာများ၏ စုပေါင်းဆွမ်းလောင်းလှူဒါန်းပွဲကျင်းပ

မိတ္ထီလာ အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ကကြီးမှူး၍ ခရိုင်အဆင့်ဌာနဆိုင်များ၏ ပါဝင်လှူဒါန်းမှုဖြင့် မြို့လုံးကျွတ်သံဃာတော်များအား ဆွမ်းလောင်းလှူပွဲကို ယနေ့နံနက် ၅နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းနေရာတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဆွမ်းလောင်းလှူပွဲတွင် မြို့တွင်းရှိကျောင်းတိုက်များမှ သံဃာတော် ၅၆၈ ပါးတို့အား ဆွမ်းနှင့်ဆွမ်းဟင်းများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လောင်းလှူခဲ့ကြပြီး ပင့်သံဃာတော်များထံမှ ဆွမ်းရေစက်ချတရားတော်များကို စုပေါင်းနာယူခဲ့ကြ ကြောင်းသိရသည်။

 ချမ်းသာ