ဓနုဖြူမြို့နယ်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဓနုဖြူ   အောက်တိုဘာ   ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့အရှေ့ကျေးရွာရှိ တောင်သူဦးကျော်ဝင်းစိန်၏ ကွင်းအမှတ် ၇၀၊ ဦးပိုင်အမှတ် ၂/၁၊ လယ်မြေ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့် အဖွဲ့ဝင်ဌာနများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြေစာရင်းဌာနမှ ဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများ၊ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ အစိုတင်း (၁၁၄.၄၆)တင်း၊ အခြောက်တင်း (၁၀၆.၄၅)တင်းထွက်ရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)