ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်း သင်တန်းဖွင့်လှစ်

ကျိုက်ထို အောက်တိုဘာ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျောင်းသားများ ပါဝင်ဆောင်ရွက်မှုတိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင်အထည်ဖော်ရေးလုပ်ငန်းသင်တန်းကို အောက်တိုဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမီမီခိုင်က သင်တန်းတွင်သင်ကြားသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း(လွန်)နှင့် ကိုယ်ပိုင်ကျောင်းများမှ တာဝန်ခံကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၅၅)ဦး တက်ရောက်ပြီး သင်တန်းကြီးကြပ်‌ရေးမှူးအဖြစ် မွန်ပြည်နယ်အခြေခံ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေမီမီခိုင် ကြီးကြပ်၍ နည်းပြအဖြစ် မွန်ပြည်နယ် အခြေခံပညာဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အိခိုင်ထွန်းနှင့် နည်းပြဆရာမ (၃)ဦးတို့က ‌ကျောင်းသားများ ပါဝင်ဆောင်ရွက်မှု တိုးမြင့်စေရန် အစပျိုးလှုပ်ရှားမှုများ အကောင် အထည်ဖော်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် ဘာသာရပ်များကို အောက်တိုဘာ ၂၆ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အောက်တိုဘာ ၂၈ ရက်ညနေပိုင်းထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဦးစီးဌာနမှ သိရသည်။

ဝင်းမောင်(ကျိုက်ထို)