ပုဗ္ဗသီရိ နိုဝင်ဘာ ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀တွင် စဉ်ဆက်မပြတ် ဆေးပညာလေ့ကျင့်သင်ကြားခြင်းအစီအစဉ်နှင့် လူအချင်းချင်းပြောဆိုဆက်ဆံခြင်း၊ ပြည်သူလူထု နှင့်ပြောဆိုဆက်ဆံခြင်းနည်းလမ်းများ ဆွေးနွေးပွဲကို ယနေ့မန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀၌ ကျင်းပခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ခုတင်-၃၀၀ ဆေးရုံအုပ်ကြီးမှ ဆွေးနွေးပြောကြားရာတွင် လူအချင်းချင်းပြောဆိုဆက်ဆံခြင်း၊ ပြည်သူလူထုနှင့်ပြောဆိုဆက်ဆံခြင်းများနှင့် ပတ်သက်သည့် နည်းလမ်းများ၊ နှစ်လမ်းသွားပြောဆိုမှုများတွင် လက်ခံရယူသည့် သတင်းအချက်အလက်နှင့် နားလည်သဘောပေါက်ကြောင်း သေချာစေရန်၊ ပြန်လည်တုံ့ပြန်ပြောကြားချက်များသည် အရေး ကြီးပါကြောင်း၊ တုံ့ပြန်ပြောကြားချက်များရရှိရန် နားထောင်ခြင်းသည်လည်း အရေးကြီး ပါကြောင်း၊ သတင်းအချက်အလက် ဖလှယ်ခြင်းဖြင့် မလုံလောက်ပါက စိတ်ခံစားမှုများကိုလည်း ဖလှယ်ရန်လည်း လိုအပ်ပါကြောင်း၊ ထို့ကြောင့် နှစ်ဘက်အပြန်အလှန် သဘောပေါက်ခြင်း၊ အပြန်အလှန်လေးစားခြင်းနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းတို့မှာ မရှိမဖြစ်လိုအပ်ပါ ကြောင်းဆွေးနွေးခဲ့ရာ၊ ဝန်ထမ်းများမှလည်း Experience Sharing များ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲအခမ်းအနားသို့ ခုတင်-၃၀၀ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များ၊ ဆေးရုံအုပ်ချုပ်မှုအဖွဲ့နှင့် အထောက် အကူပြုအဖွဲ့များ၊ သူနာပြုကြီးများ၊ သူနာပြုများ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)