ကျုံပျော် နိုဝင်ဘာ ၁
မီးဘေးအန္တရာယ်ကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် မီးသတ်ဦးစီးဌာနကဦးဆောင်ကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ပူးပေါင်းအဖွဲ့များဖြင့် အောက်တိုဘာလ (၂၉) ရက်နေ့ နံနက်က လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်း မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတ်ဆေးဗူးထားရှိမှု၊ ရေသိုလှောင်ထားမှုနှင့် လျှပ်စစ်မီးသွယ်တန်းမှုအခြေအနေများအား လိုက်လံစစ်ဆေး၍ ပြည်သူများထံသို့ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေကာ ရပ်ကွက်များ၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးပိုစတာများ စိုက်ထူခဲ့ကြသည်။
အဆိုပါလုပ်ငန်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၊ မြို့မဈေး မီးဘေးလုံခြုံရေးအဖွဲ့များပူးပေါင်း၍ လိုက်လံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)