ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့ ဂျုံးဂျုံးကျတောရကျောင်းတွင် တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင်ဆုတောင်းပြည့်” စေတီတော်ပန္နက်တင် မင်္ဂလာအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ဂျုံးဂျုံးကျတောရကျောင်းတိုက်အတွင်း၌ တည်ထားကိုးကွယ်မည့် “ငြိမ်းချမ်းအောင် ဆုတောင်းပြည့်” စေတီတော်ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။

မွန်ပြည်နယ်မှထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့

မြန်မာနိုင်ငံတွင် ကွမ်းသီးများကို မွန်နှင့်ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ်၌ ကွမ်းသီးများကို ယိုးဒယားမျိုး(ကွမ်းသီး အဝိုင်း)နှင့်ဒေသမျိုး(ကွမ်းသီးအချွန်)နှစ်မျိုးအား ဒေသအတွင်း အများအပြားစိုက်ပျိုးကြ၍ ထွက်ရှိသည့် ကွမ်းသီးများကို ပြင်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိသလို ပြည်တွင်းတွင်လည်းတင်ပို့ရောင်းချသည်။

မုဒုံမြို့၌ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းများဆောင်ရွက်

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းကို ယမန်နေ့က မြို့မ(၃)ရပ်ကွက်၊ ကမာဝက်မြို့၊ စိန်တောင်ရပ်ကွက်များတွင် ဆောင်ရွက်သည်။

စဉ့်ကိုင်မြို့နယ်၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် သင်ဂတုံကျေးရွာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်‌ဆေးခဲ့ကြသည်။

မိုင်းဖြတ်မြို့နယ်၌ ​အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့ ဒေသခံတိုင်းရင်းသားများအား ကျန်းမာ​ရေး​ကုသမှုများ​(အခမဲ့)​ဆောင်ရွက်​​ပေး

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကျိုင်းတုံမြို့၊ ပြည်နယ်ကုသရေးဦးစီးဌာနမှ အ​ထွေ​ထွေအထူးကုသမား​တော်ကြီးများအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့​ဆေးရုံ၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးကုသမှုများ(အခမဲ့)ကုသ​ပေးခဲ့​ကြောင်း သိရသည်။

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်

မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ပညာရေးမှူးရုံးတို့ပူးပေါင်း၍ အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ကျင်းပခဲ့ပါသည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃ ခုနှစ်၊ စာအောင်ဆုနှင်း သဘင်အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ စာအောင်ရဟန်း၊ သာမဏေ၊ သီလရှင်များအား စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက သာသနာ့ဗိမာန်တော်ကြီး၌ ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရွှေကြာသင်္ကန်းနှင့် ပန်း/ရေချမ်း/ဆီးမီးကပ်လှူဇော်သည်။
Subscribe to