ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့တက်ရောက်
နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များအဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာနှင့် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။