ရမည်းသင်း နိုဝင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ (၄) နာရီက ရမည်းသင်းမြို့ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်တင်က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများလူငယ် စကားဝိုင်းမှ အသိပညာ၊ ဗဟုသုတများပိုမို ရရှိစေပြီးတစ်ဦးနှင့် တစ်ဦးအသိပညာအတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိကာ နုတ်မှုစွမ်းရည်ပြည့်ဝလာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းကို ကျင်းပရာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း Grade- 11 ကျောင်းသားမောင် ဇူးလင်းထက်မှ လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ကိုလည်းကာင်း၊ Grade-11 ကျောင်းသူ မဖြူဖြူမြတ်နိုး လူငယ်နှင့်ရည်မှန်ချက် ခေါင်းစဉ်ကိုလည်းကာင်း၊ Grade-12 ကျောင်းသား မောင်ဝေယံကျော်မှ လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်ဖြင့်လည်းကာင်း၊ Grade-12 ကျောင်းသူ မချမ်းမြစု လူငယ်နှင့် ဆိုရှယ်မီဒီယာဆိုရှယ်မီဒီယာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်အလိုက် သိရှိလိုသည်များကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများမှ ရှင်းလင်းဖြေကြားပြီး ဦးစီးအရာရှိမှ ဖြည့်စွက် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၃၈၀)ဦး တက်ရောက်ခဲ့ကြပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေးနှင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေလေ့လာစို့ အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲအား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်