ရေတာရှည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ နေကြာစိုက်အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ဓါတ်မြေသြဇာပုလဲပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရေတာရှည် နိုဝင်ဘာ  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ နေကြာစိုက်အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ဓါတ်မြေသြဇာပုလဲပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရေတာရှည်မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဥက္ကာသန်းမှ တက်ရောက်လာကြသော အသင်းသားတောင်သူများအား နေကြာမျိုးစေ့နှင့် MPE ပုလဲဓါတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ လမ်းညွှန်အဖွင့်အမှာစကားပြောကြားခဲ့သည်။

 ထို့နောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိမှ နေကြာစိုက်ပျိုးမှုနှင့် သွင်းအားစုဓာတ်မြေသြဇာ သုံးစွဲမှုအခြေအ နေများအား ဆွေးနွေးလမ်းညွှန်ပြောကြားခဲ့ကြောင်း၊ ရေတာရှည်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်သန်းဦးက ရေတာရှည်မြို့နယ်အနေဖြင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဆောင်ရွက်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းပြောကြားပြီး သမဝါယမအသင်း (၅) သင်း၊ အသင်းသားတောင်သူ (၈၂) ဦး၊ စိုက်ပျိုးဧက (၁၅၀) ဧကအတွက် ရေဆင်းစပ်မျိုး (၁) နေကြာမျိုးအိတ် (၁၄၈) အိတ် MPEပုလဲ ဓာတ်မြေသြဇာ (၉၆) အိတ် ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)