ဟိုပုံး နိုဝင်ဘာ ၂
နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေး ရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များအဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်တွင် စာကြည့်တိုက်ဆောက်လုပ်နိုင်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာနှင့် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာမှ ကျေးရွာကော်မတီက စာကြည့်တိုက် ဆောက်လုပ်မည့်အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာများက သတ်မှတ် နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား (၉)ကြိမ်စီ ရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ အဆိုပါအဆောက်အဦသည် အလျား(၆၀)ပေ၊ အနံ(၃၈)ပေ တစ်ထပ် အုတ်ညှပ်အဆောက်အဦဖြစ်ကြောင်းသိရသည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် စငေါကျေးရွာအုပ်စု၊ စအွန်ကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာ ထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်ဆောက်လုပ်ပေး မည့်အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် တာဝန်ရှိသူများသည် သတ်မှတ်နေရာအသီးသီးတွင် မင်္ဂလာပန္နက်တိုင်များအား (၉)ကြိမ်စီ ရိုက်သွင်းခဲ့ကြပြီး အမွှေးနံ့သာရည်များပက်ဖျန်းပေးခဲ့ကြသည်။ အဆိုပါအဆောက်အဦသည် အလျား(၅၀)ပေ၊ အနံ(၃၈)ပေ တစ်ထပ်အုတ်ညှပ်အဆောက် အဦဖြစ် ကြောင်းသိရသည်။ အသစ်ဆောက်လုပ်မည့်စာကြည့်တိုက်သည် စာကြည့်တိုက်များဖွံဖြိုးတိုးတက် စေရေးအတွက် အသစ်ဆောက်လုပ်မည့်စာကြည့်တိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၁၅၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် ငွေကျပ်သိန်း(၁၅၀)တို့ဖြင့် ဆောင်လုပ်သွား မည်ဖြစ်ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)