မိုင်းယောင်း နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသက်ဆွေ တက်ရောက်ခဲ့သည်။
ဦးစွာ နံနက် ၈ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့၌ ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ သက်သာချောင်ချိရေးအတွက် အပတ်စဉ်သောကြာနေ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ မိုင်းယောင်းတပ်နယ်၊ တပ်ရင်းတပ်ဖွဲ့များမှ အသား၊ ငါး၊ စားသောက်ကုန်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ ရောင်းချပေးနေမှုအား ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား(၃၀)ဦးဖြင့် ပါဝင်အားဖြည့်ဆောင်ရွက်ခဲ့သည်။
ထို့နောက် နံနက် ၈ နာရီခွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် ပြည်သူ့စစ်မှုထမ်း(၇/၂၀၂၄)သို့ သင်တန်းသားများ စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မြို့နယ်ပြည်သူ့လုံခြုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးများစုစုပေါင်းအင်အား(၄၅)ဦးဖြင့် ကျင်းပပြုလုပ်သည်။
အစည်းအဝေးအပြီးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မြို့မအားကစားကွင်း၌ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲ သွားရောက်ပါဝင်ယှဉ်ပြိုင်ပြီး ညနေ ၅ နာရီခွဲတွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် အမျိုးသားအားကစားပွဲတော် ပါဝင်ယှဉ်ပြိုင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အွန်လိုင်းမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)