ရွှေတောင် နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အားကစားခန်းမ၌ ယမန့်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဥပဒေချုပ်ဦးခင်မောင်တင့်သည် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက်အမျိုးသားအားကစားပွဲတော်တွင် ခရစ်ကတ်၊ ပိုက်ကျော်ခြင်း အားကစားနည်းများတွင် ပါဝင်ယှဥ်ပြိုင်မည့် ပဲခူးတိုင်းကိုယ်စားပြုလက်ရွေးစင်အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ လာရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က ရွှေတံဆိပ်ဆုများရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် အားကစားသမားများအတွက် အားဖြည့်အချိုရည်တိုက်ကျွေးရန် ငွေကျပ်(၁၀၀၀၀၀ိ/-)ချီးမြှင့်ခဲ့ပြီး လေ့ကျင့်မှုများဆောင်ရွက်နေစဥ်အတွင်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့ပြီး ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် ရွှေတောင်မြို့နယ်ဦးစီးမှူးတို့မှ စခန်းသွင်းလေ့ကျင့်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ လာရောက်ကြည့်ရှုအားပေးရာသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ ခရိုင်/ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ လိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန်/ဆက်)