တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာအုပ်စု၊ ဝက္ကသေးကျေးရွာ၌ တောင်သူ ဦးမျိုးမင်းထွန်း၏ လယ်မြေကွင်းအမှတ် (၂၆၀၀)၊ ဦးပိုင်အမှတ် (၁၁၀)ရှိ စိုက်ဧက (၁)ဧကတွင် ယနေ့နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးမျိုး YSR-1 မိုးစပါးစံကွက် စုပေါင်းရိတ်သိမ်းခဲ့ကြသည်။