ကျိုက်မရော နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ မွေးကင်းစမှ အသက် ၂ နှစ် အောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်က အောင်သုခရပ်ကွက်ရှိ မိခင်နှင့် ကလေးကျန်းမာရေးဆေးခန်း၌ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက် ၄ခုအတွင်းရှိ မွေးကင်းစ မှအသက် ၂ နှ စ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ)၊ ဦးနှောက်အမြှေးရောင်၊ ၅ မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ဂျိုက်သိုး ကာကွယ်ဆေး၊ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်စေတတ်သော (Rota ) ဆေးများကိုပါ စနစ်တကျ တိုက်ကျွေးပေးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်များအားလည်း မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဆေးခန်းမှ ဘက်စုံသားဖွားဆရာမ ဒေါ်နီနီအေးထံမှ သိရသည်။
ချိူမြတ်မြတ်ထွေး