တောင်တွင်းကြီးမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

တောင်တွင်းကြီး နို၀င်ဘာ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊   တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာအုပ်စု၊ ဝက္ကသေးကျေးရွာ၌ တောင်သူ ​ဦးမျိုးမင်းထွန်း၏ လယ်မြေကွင်းအမှတ် (၂၆၀၀)၊ ဦးပိုင်အမှတ် (၁၁၀)ရှိ စိုက်ဧက (၁)ဧကတွင် ယနေ့နံနက်ပိုင်းက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးမျိုး YSR-1  မိုးစပါးစံကွက် စုပေါင်းရိတ်သိမ်းခဲ့ကြသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးမှူး ဒေါ်ခင်မိုးအေးနှင့်ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးစီးမှူး ဦးခင်​မောင်အေးနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များ ကြည့်ရှုအားပေးခဲ့ကြပြီး  စပါးမျိုး YSR -1 တစ်ဧကလျှင် ပျမ်းမျှအစိုထွက်တင်း  ၁၃၅ ဒသမ ၄၃ တင်းနှုန်း ထွက်ရှိကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)