တိုက်ကြီး နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားများပါဝင် ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student Participation Initiative(SPI) အကောင်အထည်ဖော်ရေးလုပ်ငန်း မြို့နယ်အဆင့်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ တိုက်ကြီးခရိုင်ပညာရေးမှူး ဒေါ်စန္ဒာဦးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ထွဋ်ခိုင်ခိုင်ဝင့်က ကျောင်းသားများပါဝင် ဆောင်ရွက်မှုတိုးမြှင့်စေရန် အစပျိုးလှုပ်ရှားမှုများ Student Participation Initiative(SPI) အကောင်အထည်ဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးသည်။
အဆိုပါဆွေးနွေးပွဲသို့ တိုက်ကြီးခရိုင်ပညာရေးမှူးဒေါ်စန္ဒာဦး၊ အခြေခံပညာဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထွဋ်ခိုင်ခိုင်ဝင့်၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦးမိုးကျော်ဦး၊ နည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ ကျောင်းအုပ်ဆရာ၊ ဆရာမကြီး(၁၀၃)ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို နိုဝင်ဘာလ (၂) ရက်မှ နိုဝင်ဘာလ (၄) ရက်အထိ (၃)ရက်ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။
ခင်နှင်းသက်(ပြန်/ဆက်)