နတ်မောက် နိုဝင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူများ၏ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ရေးဖြေပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ကျောင်းသား/ သူ (၅၅) ဦး၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ကျောင်းသား/ သူ (၄၈) ဦး စုစုပေါင်း (၁၀၃) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဆရာ/ မများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြသည်။ နတ်မောက်မြို့နယ်ရှိ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် Grade-5 မှ Grade-9 အထိ ကျောင်းသား/ သူများကို တစ်ဦးစီရွေးချယ်၍ တိုင်းဒေသကြီးအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း