မုံရွာမြို့နယ်၌ မိုးသီးနှံ မြေပဲ ၁၄၀၅ ဧက စိုက်ပျိုးပြီးစီး လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်

မုံရွာ နိုဝင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် မိုးသီးနှံ မြေပဲ ၁၄၀၅ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၁၇၅ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးမြေပဲများစိုက်ပျိုးရာတွင် မြေပဲ‌မျိုးများဖြစ်သည့် ဆင်းပ‌ဒေသာ-၁၁၊ မကွေး-၁၆၊ မ‌ကွေး-၁၀ စသည့်မြေပဲ မျိုးများကို အထွက်နှုန်းကောင်းမွန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးတို့အတွက် စံကွက်များ၊ စမ်းသပ်ကွက်များကို စိုက်ပျိုးထားရှိပြီး တောင်သူလယ်သမားများ မိုး‌မြေပဲ စိုက်ပျိုးရာသီတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သောစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့်
သက်ဆိုင်ရာခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားရောဂါများ ကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါ မိုး‌‌‌မြေပဲများကို အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး ရိတ်သိမ်းလျက်ရှိရာ ယ‌နေ့အချိန်အထိ စိုက်ဧက၏ ၇၀ ရာခိုင်နှုန်း ကိုရိတ်သိမ်းပြီးစီးကာ တစ်ဧက ပျမ်းမျှ အထွက်နှုန်း ၂၀ ဒဿမ ၃၂ တင်း ထွက်ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)